အိုရှိုး၏ သေဆုံးခြင်းအနုပညာ (အောင်မေဃ)

 အိုရှိုး၏ သေဆုံးခြင်းအနုပညာ (အောင်မေဃ)

 


လူတွေဟာကို့ကိုကိုလိမ်နေကြတယ်

 

လူတွေကသေမှာကို ကြောက်ကြတယ်

တကယ်တော့လူဆိုတာ ဘာမှမရှိတာကလာတာပါ

အစလှိုင်းကို သန္ဓေတည်တယ် မွေးဖွားတယ်လို့နာမည်တပ်ကြပီး နောက်ဆုံးလှိုင်းကို သေဆုံးတယ်လို့နာမည်တပ်ကြပါတယ်

ရှင်သန်ချိန်မှာ ဘာမှမရှိတဲ့သေခြင်းတရားကို ကြောက်မနေပါနဲ့ သူ့ကြောင့် ပြဿနာတွေမဖြစ်စေနဲ့

 

လူတွေဟာအိပ်မောကျပြီး သတိမရှိကြပါဘူး

အဲ့တာကိုမြင်အောင်ကြည့်ဖို့ဆို အဝေးဆုံးတနေရာကနေကြည့်ရပါတယ်

ရူးတဲ့သူနောက်အကုန်လိုက်ရူးကြပါတယ်

 

ကောင်းမွန်တဲ့တန်ဖိုးတွေနဲ့အသက်ရှင်ဖို့ပါ

 

လူရဲ့အမှန်က ရုပ်မဟုတ် စွမ်းအားစုဖြစ်ပါတယ်

မျိုးစေ့နဲ့တူပါတယ် ရုပ်ကအခွံ အတွင်းပိုင်းမျိုးစေ့က စွမ်းအားစု ဖြစ်ပါတယ်

 

ရုပ်ခန္ဓာ နဲ့ စိတ်စွမ်းအားစု

ရုပ်ကတခြား ငါဆိုတဲ့စိတ်စွမ်းအားစုကတခြားလို့မြင်တာနဲ့ သေဆုံးခြင်းကမရှိတော့ပါဘူး

 

မွေးဖွားလာတာနဲ့ ရုပ် ရယ် စိတ်စွမ်းအားစုရယ်ပါလာပါတယ်

 ရုပ်ချည်းဘဲမြင်နေရင်လူဟာစက်ပစ္စည်းတွေလိုပါဘဲ စက်ဖျက်သလိုဖျက်ဆီးအချင်းချင်းဖျက်ဆီးကြ ပါတယ်

 

အိမ်ထောင်မှုမှာ ချစ်ခြင်းမေတ္တာအရအိမ်ထောင်မှုနဲ့ဉ်ကျေးမှု ကာမတဏှာအရအိမ်ထောင်မှုဆိုပြီးရှိပါတယ်

 

သေခြင်းတရားကအရိပ်လိုဘဲ

အရိပ်ကိုကြောက်စရာလို့သတ်မှတ်ရင်တော့ ကြောက်ရမာဘဲ အာ့တော့အမြဲအမှောင်ထဲမှာဘဲနေရမှာဘဲ

အရိပ်က သဘာဝတရားပါဘဲ ကြောက်စရာမဟုတ်ဘူးဆိုတာသိရင်တော့ အလင်းထဲမှာနေထိုင်နိုင်ပါလိမ့်မယ်

 

နာကျင်မှုကတခြား ရုပ်ခန္ဓာကတခြားဆိုပီးရှုမှတ်နိုင်ရင်တော့ နာကျင်မှုဟာ ပျောက်ကွယ်သွားပါလိမ့်မယ်

ငါစွမ်းအားစု ရယ် ရုပ်ခန္ဓာရယ် ခွဲခြားသိမြင်နိုင်အောင်ကြိုးစားအားထုတ်သင့်ပါတယ်

သတိတရားကိုအမြဲလက်ကိုင်ထားပါ သေတဲ့အခါမာရောသတိနဲ့သေဆုံးပါ

လောကမှာဘာမှမသေချာပါဘူး  သေချာတာကသေခြင်းဘဲဖြစ်ပါတယ်

 

ကို့ရဲတန်ဖိုးက လူတိုင်းအတွက်တန်ဖိုးရှိချင်မှရှိပါမယ်

မွန်မြတ်တဲ့တန်ဖိုးတွေကိုထားပါ

 

ဘုရားတရားဆိုတာ အားကိုးဖို့ လူထင်ကြီးခံရဖို့မဟုတ်ပါဘူး

 လက်တွေ့လိုက်နာကျင့်သုံးနိုင်ဖို့ပါ

 

ကြောက်စိတ်များရင် ကြောက်စိတ်ကိုအာရုံစိုက်ပြီးသတိကပ်ကြည့်ပါ

ဘာကြောင့်ကြောက်ရတာလဲစဉ်စားကြည့်ပါ

သေခြင်းကိုကြောက်နေလို့ရော သေခြင်းကမရောက်လာတော့ဘူးလာ

 

မျက်ကန်းမယုံပါနဲ့ ကိုယ်တိုင်ဂဂနနသိမှယုံကြည်ပါ

ဘာသာရေးမျက်ကန်းယုံကြည်သူကို ဘာသာရေးအကြောင်းမေးရင် စာအုပ်ကိုပြပါလိမ့်မယ်

ပူတဲ့ဒေသနဲ့အေးတဲ့ဒေသရဲ့ဝတ်စားမှုတွေမတူဘူး

ဒါကိုမျက်ကန်းယုံကြည်သူတွေကကိုယ့်ဒေသရဲ့ဝတ်စားမှုကိုခေတ်မီလှချည်ရဲ့လို့ယုံကြည်ကြပါတယ်

တချို့ဆိုဘာသာမတူ၊ လူမျိုးမတူ၊ ဒေသမတူတွေမို့မုန်းကြ ၊တိုက်ခိုက်ကြပါတယ်

ကောင်းတာလုပ်ရင်ကောင်းတဲ့လူတွေပါဘဲ ဆိုးတာလုပ်ရင်ဆိုးတဲ့လူတွေပါဘဲ

ကိုယ်တိုင်အသိဉာဏ်မျက်စိဖွင့်ကြည့်ရင် အမှန်ကိုမြင်ရပါလိမ့်မယ်

သူများအမြင်နောက်မလိုက်ချင်ပါနဲ့ ကိုယ့်ကိုယ်ကိုအားကိုးပါ

အမှားအမှန်ကိုကိုယ်တိုင်စဉ်းစားချင့်ချိန်နိုင်ရပါမယ်

 

မွေးဖွားတယ်ဆိုတာ သေဖို့ဖစ်ပီး သေတယ်ဆိုတာမွေးဖွားဖို့ပါ

 

ဘဝရဲ့ဆန့်ကျင်ဘက်သဘောတွေကိုလက်ခံနိုင်မှ အမှန်တရားဆိုတာသိမြင်နိုင်ပါလိမ့်မယ်

နိုးကြားသတိရှိစွာနေထိုင်ရှင်သန်ပါ

 

အတိတ်ကိုမမှတ်မိချင်ပါနဲ့ အတိတ်ကအရာအားလုံးမှတ်မိရင်ရူးသွားနိုင်ပါတယ်

 

အရာရာတိုင်းကိုဉ်းစားရဲရပါမယ် မျက်ကန်းမယုံကြည်ဘဲ လက်တွေ့လုပ်ဆောင်ရပါမယ်

စွန့်လွှတ်ရဲ ရပါမယ် သင်ဟာဘာမှမရှိတာက မွေးဖွားလာတာပါ သေရင်လည်းဘာမှပါသွားမှာမဟုတ်ပါဘူး

စိတ်ရှည်ပါ ခုလုပ် ခုရစိတ်မရှိရ ချင်ပါနဲ့

လုပ်စရာရှိတာလုပ်ပါ အတိတ်ကိုစဉ်းစားမနေပါနဲ့ အနာဂတ်ကိုလည်းအများကြီးမမျှော်လင့်ပါနဲ့

 💫💫💫💫💫💫

Credit By Bawa Thit

Comments

Popular posts from this blog

ပန်းမြိုင်လယ်က ဥယျာဉ်မှူး (လယ်တွင်းသားစောချစ်)

သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ (မိုးရှင်း)