ပန်းမြိုင်လယ်က ဥယျာဉ်မှူး (လယ်တွင်းသားစောချစ်)

ပန်းမြိုင်လယ်က ဥယျာဉ်မှူး (လယ်တွင်းသားစောချစ်)

 


ဒီစာအုပ်မှာကတော့ လယ်တွင်းသားစောချစ်ရဲ့ ဘဝအတွေ့အကြုံကိုရေးဖွဲ့ထားပါတယ်

၁၉၇၈ စာပေဗိမာန်ဆု၁၉၈၀အမျိုးသားစာပေဆု ရစာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်

ဒီစာအုပ်မှာဆိုရင်

ကျောင်းဆရာလေး ငြိမ်းချမ်းရဲ့ငယ်ဘဝကြမ်းတမ်းပုံ

အဘက်ဘက်မှမပြည့်စုံသောမူလတန်းကျောင်းလေးကိုအလယ်တန်းကျောင်းသိုစတင်ပြောင်းလဲပုံ

ဆရာ / ရပ်ရွာလူကြီးမိဘများရဲ့အားကျဖွယ် စည်းလုံးညီညွတ်မှု

ကျောင်းတစ်ကျောင်းရဲ့စည်းကမ်း

ဆရာတို့ကို ရွာသားများက မိသားစုသဖွယ် ကူညီကာအခမဲ့ကျွေးမွေး စေတနာထားပုံ

လုပ်အားပေးဆရာ ကိုလူအေးခေါ်ကိုတင်အေးမောင်အေး ရဲ့စေတနာ ဝါသနာထက်သန်ပုံ

ရွာမှလုပ်အားပေးဆရာမ ၃ယောက၏စေတနာ ဝါသနာထက်သန်ပုံ

စေတနာဖြင့်ကျွေးမွေးသောစားသောက်ဖွယ်ရာတို့၏ အရသာကား သာမန်နှင့်မတူထူးခြားပုံ

အဆင့်မတန်းမခွဲခြားသောဆရာ့ရဲ့ အခမဲ့ကျူရှင်ခ

တပည့်များအပေါ်မခွဲခြားဘဲမျှတသောဆရာ့ရဲ့အမြင် စေတနာ

ကျောင်းရှိပျင်းရိသော ဆရာမကြီးဒေါ်သိန်းရီရဲ့ ပြောင်းလဲလာပုံ

ပျင်းရိခြင်း စိတ်ဓာတ်ကျခြင်း ရေသာခိုခြင်းရဲ့ ဆိုးကျိုး

သူငယ်ချင်း မိတ်ဆွေများကြားမထားသင့်သောမာနတရားများ ရန်ငြိုးများ အကြောင်း

ရွာသားများ ရပ်ကျေးဆေးမှူး ဆရာ/ ကျောင်းသား/သူ တို့ရဲ့စုပေါင်းကြက်ခြေနီအဖွဲ့အစည်း၏ညီညွတ်ပုံ

မိဘများရဲ့အလိုလိုက်မှုတွင်ဆိုးပီး ကျောင်းတွင်လိမ္မာသောကျောင်းသားလေးမောင်ဆန်း ၏အကြောင်း

ကလေးကိုအလိုမလိုက်ဘဲ မရိုက်ဘဲ သဘောပေါက်အောင်သေချာသွန်သင်သင့်ကြောင်း

ကျောက်မီးရွာအလယ်တန်းကျောင်းဖွင့်ပွဲစည်းလုံးပုံ စည်ကားပုံတို့ကိုအားကျဖွယ်ရေးဖွယ့်ထားပုံ

နောက်ဆုံးတွင် ကျောင်းဆရာလေးငြိမ်းချမ်းရာထူးတိုးနှင့် တပည့်များ ဆရာ/ များ ရွာသူ/ သားများ အားလုံးနှင့် ခွဲခွာရပုံကိုရေးဖွဲ့ထားသည်မှာ ဝမ်းနည်းကျေကွဲဖွယ်ရာကောင်းပုံ

ဆရာလေးသည် တပည့်များရဲ့ဖခင်ပမာ

ဆရာ များရဲ့ ညီကို မောင်နမပမာ

ရွာသူ သားများရဲ့ ကျေးဇူးရှင် မိတ်ဆွေရင်းပမာ ဖြစ်ခဲ့ပုံတို့ကိုရေးဖွဲ့ထားပါတယ်

 🙏🙏🙏🙏🙏🙏

Credit By Bawa Thit


Comments

Popular posts from this blog

သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ (မိုးရှင်း)