သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ (မိုးရှင်း)

 သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ (မိုးရှင်း)

 



အဓိကက အရာတစ်ခုသင့်အပေါ်ကျရောက်မယ်ဒုက္ခလည်းဖြစ်မယ် သုခလည်းဖြစ်မယ် အဲ့အရာကျရောက်တာက ပြဿနာမဟုတ်၊  အဲ့အရာကိုသင်ဘယ်လိုမြင်မလဲ ဘယ်လိုတုန့်ပြန်မလဲ ဘယ်လိုအသုံးချမလဲ ကအရေးကြီးဆုံး ဖြစ်တယ်။
 
မတိုးတက်တာမစွန့်လွှတ်ရဲလို့
စွန့်လွတ်တတ်အောင်ကြိုးစားပါ
 
သင်တွေးနေတာကိုရပ်ပြီး  သင့်ပြဿနာတွေကိုအဆုံးသတ်လိုက်ပါ
ပိုက်ဆံ=ပျော်ရွှင်မှု ဆိုတာဟာ မှားယွင်းတဲ့တန်ဖိုးဖြစ်ပါတယ်
 
လူရဲ့စိတ်ကအရာရာပါဘဲ
ကောင်းတယ်လို့မြင်ရင်ကောင်းပြီး၊ မကောင်းဘူးလို့မြင်ရင် မကောင်းပါဘူး။
People choose what to see.
 
သင်မပြောင်းလဲနိုင်တဲ့အရာကိုအကောင်းမြင်ကြည့်ပါ သင်ငြိမ်းချမ်းမှုကိုရပါလိမ့်မယ်
ကိုယ့်ကိုယ်ကိုလက်ခံ ယုံကြည်ပါ ဘောင်ထဲမှာဘဲမနေပါနဲ့
တစ်ခါရှုံးရုံနဲ့မဖြစ်နိုင်ဘူးလို့ယုံကြည်မထားသင့်ပါဘူး
စိတ်ဓာတ်ကျတာ အတိတ်မှာနေနေလို့ပါ
စိုးရိမ်ပူပန်နေတာ အနာဂတ်မာနေလို့ပါ
ငြိမ်းချမ်းတာဟာလက်ရှိမာနေလို့ပါ
အရာရာကိုအချိန်တိုင်းမှာ အကောင်းဆုံးလုပ်တဲ့သူအတွက် အနာဂတ်ဟာလှပြီးသားပါ
 
အရင်ကမလုပ်ခဲ့လို့နောင်တမရနဲ့
နောက်မှလုပ်မယ်ဆိုပီး မကိုင်ပေါက်နဲ့
အခုဘဲလုပ်ပါ
 
ဘဝမှာသင့်အပေါ်ဖြစ်ပျက်တာတွေအတွက် ဘယ်လိုတုန့်ပြန်မလဲ
ဖြစ်ပျက်တာကအရေးမကြီးပါဘူး  တုန့်ပြန်တာကအရေးကြီးတာပါ
အခက်အခဲတွေကို ရဲရဲရင်ဆိုင်ပါ၊ ပြီးရင်အတွေ့ကြုံယူပါ
 
. အတိတ်နဲ့ငြိမ်းချမ်းမှုရယူပါ
. အခြားသူသင့်အကြောင်းဘယ်လိုတွေးလဲဆိုတာသင့်ကိစ္စမဟုတ်ပါဘူး
. အချိန်ပေးသင့်တာပေးပါ
. ကိုယ့်ကိုယ်ကိုတခြားသူနဲ့မနှိုင်းပါနဲ့ ၊ တပါးသူတွေကိုလည်း မဝေဖန်ပါနဲ့
. အတွေးမလွန်ပါနဲ့၊ အရာတိုင်းရဲ့အဖြေကိုလည်းမသိချင်ပါနဲ့
 
စိတ်ညစ်စရာတွေကိုထပ်ခါထပ်ခါမတွေးပါနဲ့
လုပ်စရာရှိတာဘဲလုပ်နေပါ
 
ကိုယ်လုပ်ချင်တာကိုလုပ်ပါ
မျှော်လင့်ချက်  မာန်မာန အကြောက်တရား ရှက်ရွံ့ခြင်းဆိုတာသေခြင်းတရားကိုတွေးလိုက်ရင်ပျောက်သွား
 
အပျော်ဆုံးလူသားကအကောင်းဆုံးတွေ မပိုင်ဆိုင်ပါဘူး
သူတို့မှာ ရှိတာကိုအကောင်းဆုံးဖြစ်အောင်ဘဲလုပ်တာပါ
အောင်မြင်တဲ့သူတိုင်းဘယ်တော့မှနောက်ပြန်မလှည့်ပါဘူး ဘာကိုဘဲကြုံကြုံ မဖြစ်ဖြစ်အောင်လုပ်ပါတယ်
 
အမြဲမော့ကြည့်မနေပါနဲ့
မော့ကြည့်လို့ညောင်းရင် ပြန်ငုံ့ကြည့်ပါ
ကိုယ့်ထက်သာတာတွေဘဲအမြဲမကြည့်နေပါနဲ့ မပြည့်စုံဘူးလိုထင်တဲ့အခါ ကိုယ့်ထက်မပြည့်စုံတဲ့သူတွေကိုပြန်ကြည့်ပါ
 
အနာဂတ်ဆိုတာပစ္စုပ္ပန်နဲ့ဖန်တီးရတာပါ
ပစ္စုပ္ပန် ဆိုတာလည်း အနာဂတ်ရောက်ရင် အတိတ်ဖြစ်သွားတာပါဘဲ
 
အချစ်ဆိုတာ ဘဝရဲ့အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းပါ
ဒါပေမဲ့အချစ်ကဘဝမဟုတ်ပါဘူး
 
အခက်အခဲရှိမှအရသာရှိပါတယ်
ပိုက်ဆံခိုးတဲ့သူထက် ပိုက်ဆံကိုရိုးသားတဲ့နည်းလမ်းနဲ့ရှာထားတာကပိုတန်ဖိုးရှိပါတယ်
Cheat ဆော့တဲ့gamerထက် ရှိတဲ့ gamer ကပိုအရသာရှိတယ်
Cheat တာကမရရင်မလုပ်တတ်တော့ဘဲ  Skill က အချိန်မရွေးရိုးသားစွာသုံးနိုင်
 
အကောင်းမြင်တယ်ဆိုတာမပြောင်းလဲနိုင်တဲ့အရာကို စိတ်ဆင်းရဲမဲ့အစား စိတ်ချမ်းသာဘက်ကို ပါးပညးနပ်နပ်ပြောဂ်းလဲတာ
 
ရေတိုရည်မှန်းချက်တွေကိုဘဲအာရုံစိုက်ပီး ဖြစ်ထွန်းအောင်လုပ်ပါ
 
မြင်ယောင်းပီးကြိုတင်ပြင်ဆင်တတ်ပါ
 
အရာရာကိုချိန်ညှိပါ
 
ကြိုးစားပါ ဒါပေမယ့်ငွေနဲ့အောင်မြင်မှုကိုမတိုင်းပါနဲ့

💪💪💪💪💪💪

Credit by Bawa Thit     

 

 

 

Comments

Popular posts from this blog

ပန်းမြိုင်လယ်က ဥယျာဉ်မှူး (လယ်တွင်းသားစောချစ်)